Android ဖုန်း/Tablet တွေအတွက် ၂၀၁၃ မေ 21 ရက်နေ့မှာထပ်မံထွက်ရှိလာတဲ့ Android မြန်မာစာ
ကီးဘုတ် “Frozen Keybord Pro” version အသစ် 0.5.3 ကိုတင်ပေးလိုက်ပါတယ်။
Frozen Keyboard ကတော့ Android ဖုန်းအသုံးပြုသူတိုင်းသိကြမယ်လို့ထင်ပါတယ်။
ယခု Pro version 0.5.3 မှာတော့ ဇော်ဂျီဖောင့်ကို အမှန်အတိုင်း မြင်ရပါပြီ။
စာရိုက်ရင် စာလုံးလွဲတာတွေ မဖြစ်တော့ပါဘူး။
ဒီဇိုင်းကလည်း အရင် Frozen keyboard ထက်ပိုပြီး သပ်ရပ် လှပတာကို တွေ့ရပါတယ်။
Frozen Keyboard Pro ရဲ့အသွင် အပြင်ကို Android 4.0 အထက်ဖုန်းတွေရဲ့ Default Keyboard ဒီဇိုင်း
မျိုးနဲ့ရေးသား ထားတာကိုလည်း တွေ့ရပါတယ်။
ယခု Frozen Keyboard Pro မှာတစ်ချို့သော မြန်မာစာလုံးပေါင်းများကို shift key ရိုက်၍ အချိန်မကုန်
ရအောင် key တစ်ခုချင်းစီကို long press နှိပ်ထားရုံနဲ့ Shift နဲ့ တွဲရိုက်ရမယ့် အက္ခရာများကို Pop-up
key အနေနဲ့ ပြပေးမှာဖြစ်ပါတယ်။
Frozen Keyboard Pro ကိုရေးသားသူကတော့ Android Developer ကိုသီဟအေးကျော် ပဲဖြစ်ပါတယ်။
Myanmar Android users များအတွက် Developer ကိုသီဟအေးကျော်ရဲ့ ကြိုးပမ်းမှုများက ဂုဏ်ယူ
ဖွယ်ရာဖြစ်ပါတယ်။
Frozen Keyboard Pro ဟာ မြန်မာစာရိုက်ဖို့သာဖြစ်ပြီး မြန်မာလို ဖတ်ရှုဖို့ကတော့ မိမိတို့ရဲ့ Android ဖုန်း/ Tablet များမှာ ဇော်ဂျီမြန်မာစာ font သွင်းထားဖို့ လိုပါတယ်။
Frozen Keyboard Pro v0.5.3 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။
from မြန်မာ Mobile Application စတိုး by Myo Minn Thant
for www.simon-vlog.com
0 comments: